Posts

Showing posts from August, 2021

အသက် ၁၇ နှစ်အရွယ် Mastermind Hacker တစ်ယောက်အကြောင်း

Image
(Unicode)  အသက်  ၁၇ နှစ်အရွယ်ဆိုတာ ဒီမှာတော့ ကလေးသာသာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံက  Graham Ivan Clark   ဆိုတဲ့ mastermind ဆယ်ကျော်သက်ကောင်လေးကတော့ ‌Social Media Account တွေကို hack ပြီး bitcoin တွေ ‌‌ဒေါ်လာ တစ်သိန်းကျော်ဖိုး လိမ်လည်ခဲ့တာဖြစ်ပါတယ်။  Graham Ivan Clark  Kim Kardashian West, Kanye West, Elon Musk, Bill Gates နဲ့  Barack Obama တို့  အပါအဝင်  နာမည်ကြီး celebrity တွေရဲ့ Twitter account တွေကို Hack ပြီး လိမ်လည်ခဲ့တာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် July လ ၁၇ ရက်နေ့မှာ Clark အနေနဲ့ ခုနကပြောခဲ့တဲ့ နာမည်ကြီးတွေရဲ့ Twitter account တွေကို Hack ပြီး သူတို့ရဲ့ Follower တွေဆီကနေ  ကိုဗစ်ကုသရေး အစီအစဉ်အတွက်ဆိုပြီး Bitcoin တွေ အလှူခံခဲ့တာဖြစ်ပါတယ်။  "လူတိုင်းက ငါ့ကို တစ်ခုခုပေးဖို့ တောင်းဆိုနေကြတယ်.....အဲ့‌တော့ မင်းတို့ ငါ့ကို $1000 လွှဲရင် 2000 ပြန်လွှဲပေးမယ်" ဆိုပြီး Bill Gates ရဲ့ Twitter account မှာ တက်လာပါတယ်။ ပုံမှန်ဆို အဲ့လို scam တွေဟာ ‌အကောင့်အတုတွေနဲ့သာ တင်လေ့ရှိတာပါ။ ဒီလို အကောင့်ကြီးတွေက တင်လာတော့ လူတွေလည်းတကယ်ထင်ပြီး လွှဲကြပါ...

What is Starlink internet?

Image
 လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရဲ့ စုစုပေါင်းအိမ်ထောင်စုတွေထဲကမှ ၅၅-၆၀% လောက်သာ internet ကို ကောင်းကောင်း အသုံးပြုနိုင်တာဖြစ်ပါတယ်။ အရမ်းတိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်လို နေရာမှာတောင် အင်တာနက်အသုံးမပြုနိုင်တဲ့ သူတွေရှိပါသေးတယ်။ ဒီပြသနာတွေကို ဖြေရှင်းပြီး စျေးသက်သာမယ့် နည်းလမ်းကို Elon Musk က Starlink ဆိုတဲ့ ဂြိုလ်တု အင်တာနက် company ကနေ စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ အင်တာနက်တွေဟာ ဖိုင်ဘာမြေအောက်ကြိုးတွေနဲ့  ဆက်သွယ်ထားတဲ့ ကွန်ယက်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအ့ကို မြေအောက်၊ ရေအောက်ကြိုးတွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ အသေးစိတ်ကို link ထဲမှာကြည့်ပါ။ အဲ့ကြိုးတွေကိုမှ ISP(Internet Service Provider) တွေက ပြန်လည်ငှားယူပြီး ကျွန်တော်တို့ အိမ်တွေဆီပြန်ဖြန့်ပေးတာဖြစ်ပါတယ်။     Satellite Internet(ဂြိုလ်တုအင်တာနက်) မှာတော့ အင်တာနက်ကို ‌ကြိုးတွေနဲ့ မဟုတ်ပဲ ဂြိုလ်တုပေါ်ကနေ တိုက်ရိုက် ပေးပို့မှာဖြစ်ပါတယ်။ အဲ့ အင်တာနက်ကို မြေပြင်က စလောင်း(receiver) နဲ့ ဖမ်းယူရတာဖြစ်ပါတယ်။ အဲ့မှာ ပြသနာတက်တာက satellite နဲ့ receiver ကြားအကွာအဝေးအရမ်းများတာကြောင့် latency တွေများလွန...

Bronfenbrenner Ecological System

Image
 ဆရာတစ်ယောက်ရဲ့ အလုပ်ဟာ စာသင်ကြားပေးရုံဆိုတာလေး တစ်ခုထက်ပိုပါတယ်။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်၊ မိသားစုက ပြသနာတွေ အခက်အခဲတွေကို နားလည်ဖို့ အဖြေရှာပေးတတ်ဖို့ဆိုတာလည်း ဆရာတွေပိုင်ဆိုင်ထားသင့်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို စစ်ဘေးရှောင်တွေ၊ ငွေကြေးမပြေလည်၊ ဒုက္ခတွေများလွန်းလှတဲ့ နိုင်ငံဆို ထိလွယ်ရှလွယ် ကလေးငယ်တွေအကြောင်းကို သိထားဖို့ပိုတောင်လိုအပ်ပါသေးတယ်။ အဲ့တော့ ကလေးငယ်တွေရဲ့ ပတ်ဝန်းကျင်အကြောင်းကို ဘယ်လိုခွဲခြားနားလည်အောင်လုပ်ကြမလဲ။ ကျွန်တော်တွေ့ထားတဲ့ Bronfenbrenner Ecological System ကို နားလည်ထားရင်တော့ အများကြီး အထောက်အကူဖြစ်လိမ့်မယ်ထင်ပါတယ်။  မြင်သာအောင် ဉပမာလေးတွေနဲ့ တင်ပြထားပါတယ်။ Microsystem ကလေးတွေနဲ့ နေ့စဉ်ဘဝနဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ ဉပမာ- မိဘတွေ၊ မိသားစု၊ မောင်နှမ၊ ‌‌ကျောင်း(ဆရာမ၊ ကျောင်းသား၊ ဝန်ထမ်း)၊ ဘုရားကျောင်း၊ ကျန်းမာရေးစောင့်ရှောက်တဲ့ နေရာ၊ အိမ်နီးချင်း၊ တစ်ချို့တွေအတွက် အလုပ်နေရာ စတဲ့ နေ့စဉ်ထိတွေ့နေရတဲ့ လူတွေကို Microsystem လို့ ခေါ်တယ်။ ကျောင်းသားနဲ့ ဆရာဆက်ဆံရေးကတော့ အကောင်းဆုံးသာဓက ဖြစ်ပါတယ...

Controversial topic ‌and role of educator

 Controversial topic တွေနဲ့ educator တွေဘာလုပ်ပေးရမလဲ။ ဘယ်လိုအချိန်မှာ ဖြစ်သလဲ? ခံစားချက်တွေပြင်းထန်တဲ့အချိန် ကိုယ့်ရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုထိခိုက်လာတဲ့အချိန် ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို မေးခွန်းထုတ်ပြီး အများအမြင်တွေနဲ့ ကွဲပြားတဲ့အချိန် ကိုယ့်အတွေ့အကြုံ၊ ယဉ်ကျေးမှု၊ အသိုင်းအဝိုင်းတွေအပေါ်ပဲ အခြေခံငြင်းခုံပြီး အဖြေအတိအကျမရှိတဲ့ အကြောင်းအရာတွေ ‌ဒေသ၊ နိုင်ငံနဲ့ ကမ္ဘာကို ထိခိုက်နိုင်တဲ့ ကိစ္စတွေမှာ ဖြစ်လေ့ရှိပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဘာကြောင့်ဖြစ်တာလဲနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာအပေါ် တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူကြရင် အငြင်းပွားတတ်ကြပါတယ်။ ဒီအငြင်းပွားဖွယ်ကိစ္စတွေကို လုံလုံခြုံခြုံနဲ့ စိတ်ကို ဖွင့်ပြီးဆွေးနွေးနိုင်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ ကိုယ်တိုင် research လုပ်ပြီး စာတွေဖတ်ရတာကြောင့် အသိဉာဏ်တိုးတယ်။ ကိုယ်တန်ဖိုးထားတာနဲ့ ကိုယ့်အတွေးကို ဘယ်လိုချက်ကျလက်ကျပြောရမလဲသိလာမယ်။ ကိုယ့် emotion တွေကို ပြန်မြင်လာပြီး ဘယ်လိုဖြစ်ပေါ်လာလဲသိနိုင်မယ်။ Research လုပ်တာတွေ၊ အချက်အလက်စုဆောင်းတာတွေ၊ reasoning နဲ့ creative thinking ၊ ဆက်ဆံ‌ရေးစတာတွေတိုးတက...