What is Starlink internet?
လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရဲ့ စုစုပေါင်းအိမ်ထောင်စုတွေထဲကမှ ၅၅-၆၀% လောက်သာ internet ကို ကောင်းကောင်း အသုံးပြုနိုင်တာဖြစ်ပါတယ်။ အရမ်းတိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်လို နေရာမှာတောင် အင်တာနက်အသုံးမပြုနိုင်တဲ့ သူတွေရှိပါသေးတယ်။ ဒီပြသနာတွေကို ဖြေရှင်းပြီး စျေးသက်သာမယ့် နည်းလမ်းကို Elon Musk က Starlink ဆိုတဲ့ ဂြိုလ်တု အင်တာနက် company ကနေ စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ အင်တာနက်တွေဟာ ဖိုင်ဘာမြေအောက်ကြိုးတွေနဲ့ ဆက်သွယ်ထားတဲ့ ကွန်ယက်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအ့ကို မြေအောက်၊ ရေအောက်ကြိုးတွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ အသေးစိတ်ကို link ထဲမှာကြည့်ပါ။ အဲ့ကြိုးတွေကိုမှ ISP(Internet Service Provider) တွေက ပြန်လည်ငှားယူပြီး ကျွန်တော်တို့ အိမ်တွေဆီပြန်ဖြန့်ပေးတာဖြစ်ပါတယ်။

Satellite Internet(ဂြိုလ်တုအင်တာနက်) မှာတော့ အင်တာနက်ကို ကြိုးတွေနဲ့ မဟုတ်ပဲ ဂြိုလ်တုပေါ်ကနေ တိုက်ရိုက် ပေးပို့မှာဖြစ်ပါတယ်။ အဲ့ အင်တာနက်ကို မြေပြင်က စလောင်း(receiver) နဲ့ ဖမ်းယူရတာဖြစ်ပါတယ်။ အဲ့မှာ ပြသနာတက်တာက satellite နဲ့ receiver ကြားအကွာအဝေးအရမ်းများတာကြောင့် latency တွေများလွန်းတာဖြစ်ပါတယ်။ ပြီးတော့ ဂြိုလ်တုလွှတ်တင်ဖို့ ကုန်ကျငွေကလည်း အလွန်များပြားတာဖြစ်တာကြောင့် လက်ရှိနှစ်တွေအတွင်း အကောင်အထည်မဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် Elon Musk ရဲ့ Space X ကတော့ ဒီအခက်အခဲတွေကို ဖြေရှင်းပြီး ၂၀၁၅ခုနှစ်မှာ Starlink ဆိုတဲ့ ဂြိလ်တု အင်တာနက်ကွန်ယက်ကို လက်တွေ့အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ Starlink ဂြိုလ်ထုတွေဟာ ကမ္ဘာ့မျက်နှာပြင်အထက် မိုင်ပေါင်း ၃၄၀ လောက်မှာသာ လှည့်ပတ်ပါတယ်။ သာမန်ဂြိုလ်တုတွေထက် အဆ ၆၀ လောက် ကမ္ဘာနဲ့ပိုနီးပါတယ်။ အဲ့တော့ latency ပြသနာကို အတန်အသင့် ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။
ပြီးတော့ Space X ရဲ့ Falcon 9 rocket တွေက တစ်ခါထဲ satellite အခု 60 လောက်ကို တင်ဆောင်နိုင်ပြီး တင်လွှတ်တဲ့ ကုန်ကြငွေကလည်း တစ်ခြား space rocket တွေထက် သက်သာတာဖြစ်ပါတယ်။ တစ်ချိန်လုံးလည့်ပတ်နေတဲ့ Satellite တွေ တစ်ခုနဲ့ တစ်ခုကြားမှာ laser တွေနဲ့ ချိတ်ဆက်ထားပါတယ်။ Satellite စုစုပေါင်း ၄၂,၀၀၀ လောက် လွှင့်တင်သွားမှာဖြစ်ပြီး အခုအချိန်မှာ အလုံး ၁၇၀၀ ကျော် လွှင့်တင်ပြီးဖြစ်ပါတယ်။
Starlink Satellite တွေသယ်ဆောင်သွားတဲ့ Falcon 9 RocketStar Link ကို အင်တာနက်မရှိနိုင်သေးတဲ့ ဒေသတွေမှာ စျေးသက်သက်သာသာ အသုံးပြုနိုင်ဖို့ အတွက် ရည်ရွယ်တယ်လို့တော့ Elon Musk ကဆိုပါတယ်။ အသုံးပြုဖို့ ဆိုရင်လိုအပ်တာက ပီဇာတစ်ချပ်စာလောက် စလောင်း (receiver) တစ်ခုပဲလိုပါတယ်။ TV အင်တနာ တွေလို လိုင်းလိုက်ဖမ်းစရာ မလိုပါဘူး။ တစ်ချိန်လုံး လှည့်ပတ်နေတဲ့ satellite တွေကနေ အင်တာနက်ကို ဖမ်းယူဖို့ receiver က auto အလုပ်လုပ်မှာဖြစ်ပါတယ်။
Receiver[/caption]အမြန်နှုန်း အနေနဲ့ကတော့ 150 mbps (download) နဲ့ 40 mbps (upload) လောက်ထိ ရနိုင်မယ်လို့ ဆိုထားပါတယ်။ US Air Force ရဲ့ စမ်းသပ်ချက်အရတော့ လေထုအတွင်းမှာ အမြန်နှုန်း 600mbps လောက်ထိရရှိခဲ့တာလည်းဖြစ်ပါတယ်။ သာမာန်သုံးစွဲသူတွေကတော့ 50-100 mbps ကြားလောက်ရရှိကြတာဖြစ်ပါတယ်။ တပ်ဆင်တာနဲ့ speed test အတွက် အသေးဆုံးကြည့်ချင်ရင် အောက်က Youtube Video မှာကြည့်လို့ရပါတယ်။
အခက်အခဲတွေအနေနဲ့ ကတော့ Satellite တွေအများအပြားလွှင့်တင်လာတဲ့ အခါ space debris ဆိုတဲ့ အာကာသအတွင်းက အပျက်အဆီးတွေကို စဉ်းစားရပါတယ်။ အာကာသအတွင်းမှာ သုံးမရတော့ တဲ့ ဂြိုလ်တုအစိတ်အပိုင်းတွေအများအပြား ရှိပါတယ်။ အဲ့လို အပျက်အစီးတွေဟာ အလွန်လျင်မြန်တဲ့ အရှိန်တွေနဲ့ လည်ပတ်နေပြီး satellite တစ်ခုခုနဲ့သာတိုက်မိရင် ပိုပိုပြီး အပျက်အစီးတွေဆင့်ပြီး အာကာသဆက်စပ်လုပ်ငန်းတွေအားလုံး ရပ်တန့်သွားနိုင်ပါတယ်။ Starlink satellite တွေကတော့ ပျက်စီးသွားရင် space debris အဖြစ်မကျန်ပဲ မြေပြင်ပေါ်ကို တစ်ပတ် နှစ်ပတ်အတွင်း ပြန်ကျလာမှာဖြစ်ပါတယ်။
ပြီးတော့ တောက်ပလွန်းတဲ့ satellite တွေကြောင့် light pollution ဖြစ်ပြီး ကြယ်တွေ၊ ဂြိုလ်တွေ၊ ဉက္ကာပျံတွေကိုလေ့လာသူတွေကို အနှောက်အယှက်ဖြစ်စေတာလဲဖြစ်ပါတယ်။
Starlink Satellite များကို မြင်ရပုံအခုအချိန်မှာတော့ beta version ကို အောက်ပါနိုင်ငံတွေမှာ စတင်အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။
Comments
Post a Comment