Controversial topic and role of educator
Controversial topic တွေနဲ့ educator တွေဘာလုပ်ပေးရမလဲ။
ဘယ်လိုအချိန်မှာ ဖြစ်သလဲ?
- ခံစားချက်တွေပြင်းထန်တဲ့အချိန်
- ကိုယ့်ရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုထိခိုက်လာတဲ့အချိန်
- ယုံကြည်မှု၊ တန်ဖိုးထားမှုတွေကို မေးခွန်းထုတ်ပြီး အများအမြင်တွေနဲ့ ကွဲပြားတဲ့အချိန်
- ကိုယ့်အတွေ့အကြုံ၊ ယဉ်ကျေးမှု၊ အသိုင်းအဝိုင်းတွေအပေါ်ပဲ အခြေခံငြင်းခုံပြီး အဖြေအတိအကျမရှိတဲ့ အကြောင်းအရာတွေ
- ဒေသ၊ နိုင်ငံနဲ့ ကမ္ဘာကို ထိခိုက်နိုင်တဲ့ ကိစ္စတွေမှာ ဖြစ်လေ့ရှိပါတယ်။
အကျဉ်းချုပ်ပြောရရင်တော့ ဘာကြောင့်ဖြစ်တာလဲနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာအပေါ် တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူကြရင် အငြင်းပွားတတ်ကြပါတယ်။
ဒီအငြင်းပွားဖွယ်ကိစ္စတွေကို လုံလုံခြုံခြုံနဲ့ စိတ်ကို ဖွင့်ပြီးဆွေးနွေးနိုင်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေကတော့
- ကိုယ်တိုင် research လုပ်ပြီး စာတွေဖတ်ရတာကြောင့် အသိဉာဏ်တိုးတယ်။
- ကိုယ်တန်ဖိုးထားတာနဲ့ ကိုယ့်အတွေးကို ဘယ်လိုချက်ကျလက်ကျပြောရမလဲသိလာမယ်။
- ကိုယ့် emotion တွေကို ပြန်မြင်လာပြီး ဘယ်လိုဖြစ်ပေါ်လာလဲသိနိုင်မယ်။
- Research လုပ်တာတွေ၊ အချက်အလက်စုဆောင်းတာတွေ၊ reasoning နဲ့ creative thinking ၊ ဆက်ဆံရေးစတာတွေတိုးတက်ပြီး ကိုယ့်အတွေးအခေါ်နဲ့ idea တွေကို ပြောရဲလာမယ်။
- စာနာမှု၊ သည်းခံမှု၊ လေးစားမှုတွေ ပိုတိုးလာပြီး မတူကွဲပြားမှုတွေကို လက်ခံလာနိုင်မယ်။
- ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ ရှင််သန်ဖို့ စွမ်းရည်တွေနဲ့ ကိုယ့်ကိုကိုယ်လေးစားယုံကြည်မှုတွေရှိလာလိမ့်မယ်။
ကြားထဲက educator ကဘာတွေလုပ်ပေးဖို့လိုမလဲ။
၁။ Topic ကိုမစဉ်းစားခင် ကိုယ့်အထက်ကလူတွေ သဘောတူညီချက်အရင်တောင်းပါ။ ကျောင်းနဲ့ကိုက်ညီလား။ ထောက်ခံခွင့်ပြုသလား အချိန်စာရင်းဘာညာသဘောတူလား အရင်မေးရပါမယ်။
၂။ ကလေးတွေနဲ့ မဆွေးနွေးခင် မိဘတွေနဲ့ အရင်စကားပြောရပါမယ်။ ဘယ်အတိုင်းအတာအထိ မိဘတွေက သဘောတူဆွေးနွေးနိုင်လဲ အရင်မေးသင့်ပါတယ်။
၃။ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ဆွေးနွေးမလဲ အရင်ချမှတ်ရပါမယ်။ ဉပမာ- ပြောနေတုန်းစကားဖြတ်မပြောရ။ အဖွဲ့တွင်းမှာပဲ ထားပြီး အခြားအပြင်သူတွေကို ပြန်မပြောရ။
၄။ ကလေးအသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဆွေးနွေးမှုဖြစ်ဖို့လိုတယ်။
၅။ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမလဲ။ အသက်တူတာစုမလား။ အဖွဲ့သေးသေးလေးတွေခွဲမလား။ boy girl ခွဲပြီးဆွေးနွေးသင့်လား။ စတာကို စဉ်းစားရမယ်။
၆။ ဘယ်နည်းလမ်း တွေသုံးမှာလဲ ဆိုတာတွေးရမယ်။ အငြင်းပွားဖွယ်ကိစ္စဖြစ်တာကြောင့် အဖွဲ့လိုက်စုပြီး အားလုံးပါဝင် ဆွေးနွေးစေစေမျိုးက သင့်တော်တယ်။
၇။ ကိုယ်က ဘယ်နေရာက ဘာဝင်ပေးမှာလဲ။ ဘက်မလိုက်ပဲ neutral နေပြီးနားပဲထောင်မှာလား ကိုယ့်အမြင်ကိုပါပြောပြီး မေးခွန်းထုတ်ခိုင်းမှာလား။ Evil's advocate လို့ခေါ်တဲ့ ကိုယ့်အတွေးမဟုတ်ပဲ ပတ်ဝန်းကျင်အမြင်တွေနဲ့ ပြန်ထောက်မှာလား။
၈။ လူတိုင်းပွင့်ပွင့်လင်းလင်းဆွေးနွေးရမယ်ဆိုပေမယ့် တစ်ဖက်ကို အရမ်းအပြစ်ပြောတာမျိုးကိုတော့ တားရမယ်။
Comments
Post a Comment